Thursday, May 7, 2020

ဟလာလဟ်သည်အမျိုးသမီးအခွင့်အရေ || Myanmar Bayan

ဟလာလဟ်သည်အမျိုးသမီးအခွင့်အရေး

ရေးသူ မုဖ်သီမုဟမ္မဒ်အိဒ်ရီးစ်ဆွာဟိဗ် (Idris Nct)
(အလ်မုဖီးဒ်က ပြန်လည်ဖော်ပြခြင်း ဖြစ်၏)

ဟလာလဟ်သည် အမျိုးသမီးအခွင့်အရေး ဖြစ်သည်။ Facebook ပေါ်မှာ သာသနာ့စာပေတွေ မရေးဖြစ်တာ ကြာပေမယ့် ဒီ (ဟလာလဟ်) ကိစ္စအပေါ်မှာ အနည်းငယ် စိတ်ထဲကနေ ရေးချင်မိလာတယ်။ တကယ်တော့ ဒီဟလာလဟ် ကိစ္စရပ်ပေါ် မသမာသူတွေရဲ့ သားပုပ်လေလွင့် အမုန်းတရားဝါဒီကို အခြေခံပြီး တင်ပြမှုတွေကြောင့် ဟလာလဟ် ကိစ္စအပေါ် အခြေခံ၍ မုရ်သဒ် ဖြစ်မှု၊ စိတ်ကြိုက်လမ်းစဉ် ပြောင်းလဲလာမှုတွေ မျက်ဝါးထင်ထင် မြင်နေရသည်ကို အားလုံးအသိပင်ဖြစ်သည်။ သို့ပါသော်ကြောင့် ဟလာလဟ် ကိစ္စကို မတင်ပြမီ ဟလာလဟ်ဟူသည့် အမိန့်အား ပြဌာန်းရခြင်း၏ အကြောင်းအရင်းကို အနည်းငယ် တင်ပြပါမည်။

အစ္စလာမ် မထွန်းကားမီ အာရဗ်တို့၏ဓလေ့မှာ မိမိဇနီးကြင်ယာအား အကန့်အသတ်မဲ့ သွလားက်ပေး ကွာရှင်းမှု ပြုကြ၍ ခင်ပွန်းက ပြန်ပေါင်းလိုသောအခါ နုနယ်သည့် ဖန်သားပြင်ပိုင်ရှင် အမျိုးသမီးအား စကားချိုသွေး၍ ပြန်ပေါင်းကြသည်။ အမျိုးသမီးတို့၏ ဗီဇမှာ နုနယ်ပျော့ပြောင်းခြင်းကို အခြေခံထားသောကြောင့် ခင်ပွန်းက အနည်းငယ်ချော့သည့် အခါဝယ် စိတ်ပြောင်းသွားတတ်ကြသည်။ တဖန် နောင်တွင် မပြောပလောက်သည့် ကိစ္စရပ်အပေါ် ခင်ပွန်းက စိတ်မကျေမနပ်ဖြစ်လျှင် သွလားက်ပေး ကွားရှင်မှု ပြုလိုက်ပြန်သည်။
ထိုသို့ အလိုမကျ၍ကွာရှင်းလိုက် အလိုရှိလျှင်ပြန်ပေါင်းလိုက် လုပ်၍ ဇနီးအား လက်ခုပ်ထဲရှိ ရေပမာ လုပ်ချင်တိုင်း လုပ်လာကြတော့သည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အမျိုးသမီးတို့၏ အခွင့်အရေးကို ထောက်ရှု၍ အမျိုးသား(ခင်ပွန်း) တို့အတွက် သွလားက်ပေး ကွာရှင်းမှုအကြိမ်အရေကို ကန့်သတ်လိုက်သည်။ ထိုအမိန့် အာယသ်တော်မှာ فان طلقها فلا تحل له حتي تنكح زوجا غيره. အဓိပ္ပါယ် သွလာကေ့ရဂ်ျအီ (သွလားက် နှစ်ကြိမ်) ပေးပြီးနောက် အကယ်၍ လင်ယောက်ျားက ထိုဇနီးအား ထပ်မံ၍ သွလားက်ပေး ကွာရှင်းခဲ့သည် ရှိသော် (တနည်း တတိယသွလားက် ပေး၍ (သွလားက်သုံးကြိမ်)အရေအတွက်သို့ ရောက်လျှင်) ၎င်းဇနီးမိန်းမသည် အခြားယောက်ျားတစ်ဦးဦးနှင့် ထိမ်းမြား၍ ဆက်ဆံပေါင်းသင်းခြင်း မပြုသမျှကာလပတ်လုံး ထို (ပထမခင်ပွန်း) ယောက်ျားအဖို့ တရားဝင်ဇနီး ဖြစ်မည်မဟုတ်ပေ။
ထို့ကြောင့် ၎င်းအာယသ်တော်နှင့် အစ္စလာမ်၏ အခြားပြဌာန်းမှုများကို လေ့လာသုံးသပ်လျှင် ထိုသို့ ဟလာလဟ် မိမိလင်ယောက်ျားနှင့် ပြန်ပေါင်းဖို့တစ်ပါးသူနှင့် ထိမ်းမြားရမည်မှာ စည်းကမ်းမဲ့သွလားက်ပေး ကွာရှင်းသည့် လင်ယောက်ျားအား အပြစ်ပေးခြင်း ဖြစ်သည်။
(အထက်ပါ အမိန့်တွင် ကွာရှင်းမှု သုံးကြိမ်ဖြစ်ရသည့် အမျိုးသမီးအား လွတ်လပ်ခွင့် အပြည့်ပေးလိုက်ခြင်း ဖြစ်သည်။ အမျိုးသမီးတွင် ရွေးချယ်ပိုင်ခွင့် အပြည့်အဝ ရရှိသွားသည်။ သူက အခြားအမျိုးသားတဦးနှင့် အိမ်ထောင်ပြုပြီး ထိုခင်ပွန်း သေဆုံးပြီး စောင့်ဆိုင်းကာလပြည့်ပြီးမှ သို့မဟုတ် ထိုခင်ပွန်းက ကွာရှင်းပြီး စောင့်ဆိုင်းကာလ ပြည့်ပြီးမှ ကွာရှင်းမှု သုံးကြိမ်ပြုထားသည့် ပထမခင်ပွန်းအတွက် အမျိုးသမီးက ဟလာလ် (ထိမ်းမြားခွင့်ရသူ) ဖြစ်သွားမည်။ ထိုသို့ အမျိုးသမီးက သူ့သဘောဆန္ဒနှင့်အညီ ဒုတိယခင်ပွန်းကို ရွေးချယ်ထိမ်းမြားပြီး ထိုခင်ပွန်းသေဆုံးခြင်း၊ သို့မဟုတ် ကွာရှင်းသွားခြင်း အခြေအနေကို အစ္စလာမ့်ဥပဒေတွင် ဟလာလဟ်ဟုခေါ်သည်။ ဤနေရာတွင် အမျိုးသမီးအနေနှင့် ကြိုက်သလို ရွေးချယ်ခွင့်ရရန် အစ္စလာမ့်ဥပဒေက အပြည့်အဝ အကာအကွယ်ပေးထားသည်။ ကွာရှင်းမှု သုံးကြိမ်ပေးလိုက်သည့် ခင်ပွန်းတဦးက စတုတ္ထအကြိမ်မြောက် ဇနီးဟောင်းအား လက်ထပ်ချင်တိုင်း လက်ထပ်ခွင့် မရတော့ပါ။ ဇနီးအမျိုးသမီး၏ ဆန္ဒကို ဦးစားပေးထားသည့် အစ္စလာမ့်ဥပဒေကြောင့် ခင်ပွန်းအမျိုးသားက သူ့ဇနီးဟောင်း၏ ရွေးချယ်မှုကို စောင့်မျှော်ရန်သာ ရှိတော့သည်။ အမျိုးသမီးအနေနှင့် အိမ်ထောင် ထပ်မပြုဘဲ နေချင်လည်း နေနိုင်သည်။ နောက်ခင်ပွန်းမယူဘဲ သူ့ဘ၀ကို သူ့ဘာသာ ရပ်တည်ချင်လည်း ရပ်တည်နိုင်သည်။ နောက်ခင်ပွန်းယူရာတွင်လည်း နောက်ခင်ပွန်းယူခြင်းဖြစ်လို့ ရရာလူကို အတင်းယူရမည်ဟု အမိန့်မပေးထားသလို ဟလာလဟ် လုပ်ကိုလုပ်ရမည်ဟု အစ္စလာမ့်ပြဌာန်းချက်တွင် တလုံးတပါဒမျှ မပါဝင်ပါ။ (ဟလာလဟ်ကို စွပ်စွဲနေသူများ ထိုအချက်ကို သတိပြုပါ။) အမျိုးသမီးတယောက်တွင် ခင်ပွန်းအဆက် ဘယ်နှစ်ဆက်ပင် ရှိခဲ့သည်ဖြစ်စေ သူထိမ်းမြားဖို့ ကြုံကြိုက်လာတိုင်း အပျိုတဦးထိမ်းမြားသည့်နည်းတူ ထိုအမျိုးသမီးအား သဘောတူ၊ မတူ မေးမြန်းရ၏။ မွတ်စ်လင်မ်နှစ်ဦးက သက်သေနှစ်ဦး အဖြစ် ပါဝင်ရ၏။ ခန်း၀င်ကြေး ပေးရ၏။ အိမ်ထောင်ဆက် ဘယ်နှစ်ဆက်ပင် ရှိခဲ့သည့်အမျိုးသမီးဖြစ်ပါစေ ယခုလက်ထပ်သည့် အမျိုးသားက သူ့၏ စား၊ ၀တ်၊ နေရေး အားလုံးကို တာ၀န်ယူနိုင်သူ ဖြစ်ရမည်။ ထိုအမိန့်များသည် ကွာရှင်းမှုသုံးကြိမ်ပြုပြီးသူနှင့် အပျိုတဦး တန်းတူပင် ဖြစ်၏။ ယခု သွလားက် သုံးကြိမ်ရထားသည့် အမျိုးသမီးသည် သူကြိုက်နှစ်သက်ပြီး သူ့ကိုလည်း ကြိုက်နှစ်သက်သည့် အမျိုးသားနှင့် ထိမ်းမြားလက်ထပ်ပြီး အိမ်ထောင်တခု တည်ဆောက်လိုက်သည်။ ဤသို့ နေထိုင်ခြင်းသည် ထိုအမျိုးသမီး၏ ဘ၀အတွက် ရာသက်ပန်လည်း ဖြစ်ခွင့်ရှိသည်။ အခုယူ၊ အခုကွဲ၊ အခုပြန်ယူ စသည့်လုပ်ရပ်မျိုးအား အစ္စလာမ်က စေခိုင်းထားခြင်းမဟုတ်သလို ထိုပုံစံအသွင်ဆောင်သည့် ပြောဆိုချက်များသည်လည်း အစ္စလာမ့်ဥပဒေကို စွပ်စွဲနေခြင်းသာ ဖြစ်၏။ ထိုသို့နေထိုင်ပြီးနောက် အကြောင်းကြောင်းကြောင့် ထိုအမျိုးသမီး၏ ခင်ပွန်း သေသွားမည်၊ သို့မဟုတ် ကွာရှင်းမှု ဖြစ်သွားမည်။ ထိုအခါတွင် အမျိုးသမီးအနေဖြင့် စောင့်ဆိုင်းကာလ ပြည့်သည်အထိ တစ်ကိုယ်ရေတစ်ကာယ နေထိုင်ရဦးမည်။ စောင့်ဆိုင်းကာလပြီးနောက်တွင် အမျိုးသမီးအတွက် အိုးသစ်အိမ်သစ် အိမ်ထောင်သစ် တဖန်ပြန်တည်ခွင့် ရရှိပြီ ဖြစ်၏။ သူ့အတွက် နားခိုရာ ရင်ခွင်တစုံ၊ သူ့အတွက် အကာအကွယ်ပေးမည် လက်တစုံကို လက်ထပ်ခွင့် ရပြန်ပြီ ဖြစ်၏။ ယခုအခါတွင်မူ တချိန်တခါက သူ့အား ကွာရှင်းမှုသုံးကြိမ်ပြုခဲ့သည့် ခင်ပွန်းဟောင်းသည် ဤအမျိုးသမီးအတွက် တခြားထိမ်းမြားခွင့် ရှိသူများနည်းတူ ဟလာလ် ပြန်ဖြစ်ပေပြီ။ ယခု ခင်ပွန်းဟောင်းက ပြန်လာတောင်း၍ လက်ထပ်လိုလျှင် လက်ထပ်ခွင့် ပြန်ရှိပြီဖြစ်သည်။ အကယ်၍ အမျိုးသမီးက ကွာရှင်းမှု သုံးကြိမ်ပြုသူ ခင်ပွန်းဟောင်းအား မရွေးချယ် လက်မထပ်လိုပါကလည်း အပြစ်မရှိသလို အပြစ်တင် ရှုံချစရာလည်း မရှိပါ။ ယူမယ်၊ မယူဘူးဟူသည့် အိမ်ထောင်ရေး၏ အဓိက သော့တန်အား အစ္စလာမ့်ရှရီအသ်က မိန်းမသားတို့လက်ထဲသို့ အပြည့်အ၀ ထည့်ပေးထားသည်။ (ဤသည်ကို မြင်အောင် မကြည့်တတ်ဘဲ အစ္စလာမ့်ရှရီအသ်ကိုပင် အမျိုးသမီးအခွင့်အရေး ချုပ်ကိုင်သည့် ဥပဒေ၊ အလ္လာဟ်အချစ်တော်ဖြစ်ရန် ကြိုးစားခဲ့ပြီး အလ္လာဟ်သတ်မှတ်သည့် ဥပဒေအား သာမန်လူသားတိုင်း နားလည်စေရန် ကြိုးပမ်းခဲ့သည့် ပညာရှင်၊ သူတော်စင်များအား စွတ်စွဲနေသူများသည် ပညာမျက်စိမရှိသည့် အသိဥာဏ်ငကန်းများပင် ဖြစ်သည်ဟု မှတ်ချက်ချပါသည်။) အမျိုးသမီးအနေနှင့် ကွာရှင်းမှု သုံးကြိမ်ပြုဖူးသူ ခင်ပွန်းကို ရွေးချယ်ခွင့် ရှိသလို တခြားသူကိုလည်း ရွေးချယ်ခွင့် ရှိ်သည်။ ဤသို့ ခင်ပွန်းက ဇနီးအား ကွာရှင်းမ ှုသုံးကြိမ်ပြုပြီးနောက် အမျိုးသမီးက သူ့ဘ၀သူ ရွေးချယ်ရပ်တည်၍ အိမ်ထောင်ပြုခြင်း၊ စောင့်ဆိုင်းကာလ ပြည့်အောင် နေထိုင်ခြင်း တို့အား အစ္စလာမ့်ရှရီအသ်တွင် ဟလာလာဟ်ဟု ခေါ်သည်။ ထိုဟလာလဟ်သည် ခင်ပွန်းက ဇနီးအား ကွာချင်တိုင်းကွာ၊ ပြန်ပေါင်းချင်တိုင်း ပြန်ပေါင်း မလုပ်ရန် ဇနီးဖြစ်သူ မိန်းမသားတို့ဘက်က ရပ်တည်ပေးထားသည့် အမျိုးသမီးအခွင့်အရေး ဥပဒေဖြစ်သည်။ ဟလာလဟ်သည် ခင်ပွန်းဖြစ်သူ ယောက်ျားသားများအား ပြစ်ဒဏ်ခတ်သည့် သတိပေး ဥပဒေဖြစ်သည်။ ကွာရှင်းမှု သုံးကြိမ်ပြုလိုက်လျှင် ထိုအမျိုးသားနှင့် အမျိုးသမီးသည် ရာသက်ပန် ထိမ်းမြားခွင့်မရှိသူ ဖြစ်သွားသည်။ ဟလာလဟ်အခြေအနေတခုကို ဖြတ်သန်းကုန်ဆုံးပြီးမှ ထိုနှစ်ဦးသည် ထိမ်းမြားခွင့်ရှိသူ ပြန်ဖြစ်မည်။ အမျိုးသမီးက တခြားအိမ်ထောင်ဖက်ကို ရွေးချယ်ပြီး ရာသက်ပန် ထိုသူနှင့် ဘ၀တည်ဆောက်သွားလျှင်သော်လည်းကောင်း၊ ဘယ်သူ့မှမယူဘဲ တစ်ကိုယ်တည်း ဘဝရပ်တည်သွားလျှင်သော်လည်းကောင်း ထိုသုံးကြိမ်ကွာရှင်းလိုက်သည့်အမျိုးသားအဖို့ ပြန်လက်ထပ်လိုလျှင်လည်း ဘယ်တော့မှ ရမည်မဟုတ်ပါ။ မျှော်လင့်စောင့်စား မျက်ရည်များဖြင့်သာ ဘ၀ကုန်ဆုံးရန်သာ ရှိပါတော့သည်။)
သို့သော် ကျွန်တော်တို့ တွေ့မြင်နေရသည်မှာ အမျိုးသားက မနစ်နာပဲ အမျိုးသမီးက နစ်နာသည်ဟု ယူဆကြောင်းကို တွေ့ရသည်။ ထိုသို့ဖြစ်ရသည်မှာ အိစ္စလာမ့်၏ ပြဌာန်းမှု အားနည်းခြင်းကြောင့် မဟုတ်ဘဲ ကျွန်တော်တို့အားလုံး အိစ္စလာမ်၏ အမိန့်များကို အပြည့်အဝမလိုက်နာသည့် အတွက်ကြောင့် ဖြစ်သည်။ အိစ္စလာမ်သည် ဟလာလဟ်နှင့် သွလားက်အတွက် ဥပဒေပြဌာန်းထားသလို နေကာဟ် ထိမ်းမြားမှုဆိုင်ရာ ဥပဒေများကိုလည်း အပြည့်အဝပြဌာန်းထားသည်။ နေကာဟ်တွင် အမျိုးသားတို့အတွက် အမျိုးသမီးတစ်ဦးထက်သာပို၍ ၄ ဦးအထိ ထိမ်းမြားပိုင်ခွင့်ရှိသည်။ အရင်ခေတ်အခါ အချိန်ကာလက အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးထက်သာပို၍ ထိမ်းမြားခြင်းကို အပြစ်ဟုမယူဆသလို အိမ်ထောင်ကွဲနှင့် မုဆိုးမအား ထိမ်းမြားခြင်းကို အပြစ်ဟုမယူဆသည့်အပြင် အချို့အချိန်အခါ၌ မြင့်မြတ်သည့် လုပ်ရပ်ဟု မှတ်ယူပြသည်။
အကယ်၍ အမျိုးသမီးတစ်ဦး အိမ်ထောင်ကွဲသွားလျှင် သို့မဟုတ် မုဆိုးမ ဖြစ်လျှင် အိဒ်ဒသ်စောင့်ဆိုင်း ကာလပြီးသည်နှင့် ကမ်းလှမ်းသူများ အများအပြားရှိသည်။ တနည်းဆိုရသော် အမျိုးသမီးအဆင့်အတန်းသည် မြင့်သည်။ထို့ကြောင့် ကိုယ်တော်မြတ် ဆွလ္လလ္လာဟို့အလိုင်ဟေ့ဝစလ္လမ် နှင့် ဆွဟာဗာဟ် သာဝကကြီးများသည် အိမ်ထောင်ကွဲနှင့် မုဆိုးမ အမြောက်များအား ထိမ်းမြားထားသည်ကို သမိုင်းစာပေများ၌ တွေ့ရမည်။ အမျိုးသမီး၏ အဆင့်အတန်း မြင့်မားသည် ပတ်၀န်းကျင်နှင့် တစ်ဦးထက်ပို၍ ၄ ယောက်အထိ ထိမ်းမြားခွင့်ရှိသည့် ပတ်ဝန်းကျင်တွင် လင်ယောက်ျားတို့က စည်းကမ်းမဲ့ သွလားက်ပေး ကွာရှင်းမှု မပြုရဲကြပေ။
သွလားက်ပေးကွာရှင်း လိုက်လျှင် တန်ဖိုးရှိသည့် ဇနီးရတနာသည် မိမိထံမှလက်မဲ့ ဖြစ်ရမည်။ အဆုံးရှုံးခံရမည်။
အကယ်၍  ကိုယ်က ပြန်ပေါင်းလိုလျှင် အခြားတစ်ဦးကွာရှင်းပေးပြီး ဇနီးဘက်မှ ပြန်ပေါင်းလိုစိတ်ရှိမှ ပြန်ပေါင်းရမည်ဖြစ်သည်။ ထိုအခြေနေမျိုးတွင် လင်ယောက်ျားဘက်မှ မိမိဇနီးအား စည်းမဲ့ကမ်းမဲ့ သွလားက်ပေးရဲမည်လာဟု ကျွန်တော်တို့ သုံးသပ်နိုင်သည်။
ဒါပေမဲ့ ကျွန်တော်တို့က သွလားက် ကွားရှင်းမှုစနစ်ကို အိစ္စလာမ်မှယူထားပြီး နေကာဟ်ထိမ်းမြားမှုစနစ်ကို တစ်လင် တစ်မယားစနစ်ဖြင့် အခြားဥပဒေမှ ယူထားသည်။ မိမိကိုယ်တိုင်က အမျိုးသမီးတဦးထက်ပို၍ လက်ထပ်ယူခြင်းအား နှာခေါင်းရှုံ့သည့် ပတ်ဝန်းကျင်ပြုထားသောကြောင့် သွလားက် ကွာရှင်းမှုကိစ္စနှင့် ဟလာလဟ် ကိစ္စရပ်တွင် အမျိုးသမီး နစ်နာနေသည်ဟု ထင်မှတ်နေကြသည်။ တကယ်တော့ အိစ္စလာမ့် ပြဌာန်းမှု အားနည်းသည့် အတွက်ကြောင့် မဟုတ်ဘဲ ကျွန်တော်တို့ ပတ်ဝန်းကျင် လူထုမှ အိစ္စလာမ့် ပြဌာန်းမှုများအပေါ် အပြည့်အဝ မလိုက်နာပဲ ဟိုတစ်စ ဒီတစ်စလိုက်နာခြင်း၊ စိတ်နှင့်တိုက်ဆိုင်လျှင် လိုက်နာ၍ စိတ်နှင့် မတိုက်ဆိုင်လျှင် နှာခေါင်းရှုံ့သည့် အတွက်ကြောင့် အစ္စလာမ့်ဥပဒေများကို အလိုမကျ ဖြစ်နေခြင်း ဖြစ်သည်။ တကယ်တော့ ဟလာလဟ်သည် အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီး လွတ်လပ်ခွင့်၊ အမျိုးသမီး၏ ရွေးချယ်မှုပင် ဖြစ်ပါသည်။

ရေးသူ မုဖ်သီမုဟမ္မဒ်အိဒ်ရီးစ်ဆွာဟိဗ် (Idris Nct)
အလ်မုဖီးဒ်
ဟစ်ဂျရီ ၁၄၄၀၊ မုဟရ်ရမ် ၁။
12/9/2018 (ဗုဒ္ဓဟူး)

Tuesday, May 5, 2020

Myanmar Bayan: Myanmar Bayan On You Tube || Ramazan Bayan 1441

Myanmar Bayan: Myanmar Bayan On You Tube || Ramazan Bayan 1441: Ramazan Bayan 1441 Myanmar Bayan 2020 Myanmar Aalim Bayan Myanmar Ulama Bayan Ummaty Ummaty Channel Link https://www.youtube.com/chan...

Saturday, March 28, 2020

Myanmar Bayan: Mi Mi Ei Bava Tat Tan Mhar Islam Ko Tut Twin Par |...

Myanmar Bayan: Mi Mi Ei Bava Tat Tan Mhar Islam Ko Tut Twin Par |...: https://youtu.be/m2luyUIKzfQ

Myanmar Bayan: ဇကာသ်းပေးခြင်း၏အကျိုးကျေးဇူးနှင့်အရေးကြီးပုံ မွဖ်...

Myanmar Bayan: ဇကာသ်းပေးခြင်း၏အကျိုးကျေးဇူးနှင့်အရေးကြီးပုံ မွဖ်...: https://youtu.be/GJeNZTwTKFE

Myanmar Bayan: ဇကားသ်ကို ဆိုင်းငံမနေကြပါနဲ့ အလ်ဟာဂ်ျ မော်လာနာ မွ...

Myanmar Bayan: ဇကားသ်ကို ဆိုင်းငံမနေကြပါနဲ့ အလ်ဟာဂ်ျ မော်လာနာ မွ...: https://youtu.be/j2dPLOfu-Ss

Myanmar Bayan: အစ္စလာမ့်တရားတော် ဇိကိရ်၏ထွဋ်မြတ်မူ့နှင့်ဇိကိရ်လုပ...

Myanmar Bayan: အစ္စလာမ့်တရားတော် ဇိကိရ်၏ထွဋ်မြတ်မူ့နှင့်ဇိကိရ်လုပ...: https://youtu.be/6E9JiKtlArc

Myanmar Bayan: حضرت عمرو بن عبسہ رضی اللہ تعالی عنہ کے رسول اللہ ...

Myanmar Bayan: حضرت عمرو بن عبسہ رضی اللہ تعالی عنہ کے رسول اللہ ...: https://youtu.be/FjAWPyYy0II

Myanmar Bayan: حضرت عمرو بن عبسہ رضی اللہ تعالی عنہ || Urdu Bayan...

Myanmar Bayan: حضرت عمرو بن عبسہ رضی اللہ تعالی عنہ || Urdu Bayan...: https://youtu.be/-I84hK2HMbk

Saturday, March 21, 2020

အစ္စလာမ်ဘာသာဝင် ညီနောင်အပေါင်းတို့ခင်ဗျ || Mufti Ali MM Rounak || Myanmar Bayan

အစ္စလာမ်ဘာသာဝင် ညီနောင်အပေါင်းတို့ခင်ဗျာ လက်ရှိကမ္ဘာပေါ်မှာ ကြုံတွေ့နေရတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရက်စ် (Covid -19) ကို ကူးစက်မြန်သော ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကြေညာထားပြီးဖြစ်ပါသည်။ ယခုအခါ အဆိုပါရောဂါမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ ကျော်သို့ ပြန့်နှံ့နေပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးကလည်း ရောဂါထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အရေးပေါ်စီမံ ဆောင်ရွက်လျက်ရှိသည့်တိုင် လူအများအပြား သေကြေပျက်စီးနေသည်ကို ဝမ်းနည်းစွာ တွေ့ရှိနေရပါသည်။ ကျွန်ုပ်တို့နိုင်ငံတွင် နိုင်ငံတော်အဆင့် သတင်းထုတ်ပြန်ချက်များအရ အလ္လာဟ့်အလိုတော်နှင့် ယခုအချိန်အထိ အဆိုပါရောဂါကူးစက်ခံထားရသည့်လူနာ တစ်ဦးမျှ မတွေ့ရှိသေးပါ။ ထို့ပြင် နိုင်ငံအတွင်းသို့ ကူးစက်မလာနိုင်အောင်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အမျိုးသားအဆင့် ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်းပြီး သက်ဆိုင်ရာအစိုးရာဌာနများက အပူတပြင်းထိန်းချုပ်ကုသ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြာင်းလည်း သိရှိရပါသည်။ ကျွန်ုပ်တို့ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အဆိုပါရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြုလုပ်နေသည့် ကျန်းမာရေးဆိုင်ရာ အသိပေးနှိုးဆော်မှုများကို ကြပ်ကြပ်မတ်မတ် လိုက်နာဆောင်ရွက်ကြရပါမည်၊ ထိုကဲ့သို့နှိုးဆော်ချက်များကို လိုက်နာကျင့်သုံးခြင်းဟာလည်း အလ္လာဟ်အရှင်မြတ် အပေါ်ယုံကြည်အားကိုးခြင်းနှင့် ဆန့်ကျင်ဘက်မဟုတ်တဲ့အပြင် ရှရီအသ်တရားတော်အရ လိုက်နာဖို့အရေးကြီးတဲ့ တာဝန်တွေလို့မှတ်ယူရမှာ ဖြစ်ပါသည်။ မိမိတို့၏ ပတ်ဝန်းကျင်နှင့် ဗလီဝတ်ကျောင်းတော်များတွင်လည်း တတ်သိပညာရှင်များနှင့် တိုင်ပင်ပြီး စနစ်တကျဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။ ထို့အတူ လူအများ အထိတ်တလန့်ဖြစ်စေရန် မမှန်သတင်းဖြန့်နေသည့် ကောလာဟလများကိုလည်း နားမယောင်သင့်သလို ကိုယ်တိုင်လည်း ဖြန့်ချိမပေးသင့်ပါ။ နိုင်ငံတော်မှ နေ့စဉ်ထုတ်ပြန်ပေးနေသည့် တရားဝင်သတင်းများကိုသာ ယုံကြည်လက်ခံကြရန် လိုအပ်ပါသည်။ အစ္စလာမ်ဘာသာဝင်များအနေဖြင့် ယခုလိုအချိန်ကာလမျိုးတွင် ရုပ်ပိုင်းဆိုင်ရာကာကွယ်ကုသမှုများကို အထူးလိုက်နာကြရန် လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများနှင့် ကျင့်ကြံအားထုတ်မှုများကိုလည်း အာရုံပြုကြရန် အထူးတလည် အရေးကြီးပါသည်။ ယခုကာလသည် အလ္လာဟ်အရှင်မြတ်သခင်၏ အမျက်တော်ရှနိုင်မည့် မည်သည့်ဂိုနာဟ်ကိစ္စကိုမဆို ရှောင်ဖယ်နေရန် လွန်စွာအရေးကြီးသော ကာလဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် လက်ရှိကျူးလွန်မိနေကြသော ပြစ်မှုဒုစရိုက်များကို စွန့်လွှတ်ကြ၍ မိမိတို့၏ ဂိုနာဟ်များကို အလ္လာဟ်အရှင်မြတ်သခင်ထံ သောင်ဗဟ်ပြု အမှားဝန်ချ တောင်းခံကြကာ ယခင်ထက်ပို၍ အိဗာဒသ်ဆောက်တည်မှုများကို လုပ်ဆောင်ကြရန် အထူးတိုက်တွန်းလိုပါသည်။ ထိုနည်းတူစွာ ယခုဖြစ်ပွားနေသည့် ရောဂါဆိုးမှ ကာကွယ်မှုရယူနိုင်ရန် တမန်တော်မြတ် (ဆွ) ညွှန်ကြားထားသည့် ဒိုအာများကိုလည်း အချိန်ရတိုင်း အထူးအာရုံပြု၍ မိမိအတွက်လည်းကောင်း၊ မိမိပတ်ဝန်းကျင်နှင့် တိုင်းသူပြည်သား ကမ္ဘာသူကမ္ဘာသားများအပါဝင် မိမိနိုင်ငံတော်အတွက်ပါ ဘေးဘယာအပေါင်းမှ ကင်းစင်ကြစေကြောင်း ဆုမွန်ဒိုအာတောင်းခံကြပါရန် အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ တချို့သောမေးခွန်းများနှင့် ၎င်းတို့အတွက် ကျေနပ်ဖွယ်အဖြေများ  || Myanmar Bayan

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ တချို့သောမေးခွန်းများနှင့် ၎င်းတို့အတွက် ကျေနပ်ဖွယ်အဖြေများ ------------------------------------ ကမ္ဘာ့အဝှမ်းမှ မြောက်များစွာသော အမျိုးသား၊အမျိုးသမီးများမှ ကိုရိုနာဗိုင်းရပ်စ်နှင့်စပ်လျဉ်း၍ တချို့သောမေးခွန်းများ မေးမြန်းခဲ့သည်။ ၎င်းတို့အား သီးခြားစီ အဖြေများလည်း ပေးခဲ့ပြီးဖြစ်သည်။ ယခု စာရှုသူတို့အဖို့ လွယ်ကူစေရန် ၎င်းတို့ကို တစ်နေရာတည်း၌ စုစည်းလိုက်ပါသည်။ မေးခွန်းနံပါတ်(၁) - ချစ်ခင်လေးစားရပါသော ဆရာသခင်ကြီး မုသကလ္လိမေအစ္စလာမ် မော်လာနာ မုဟမ္မဒ်အိလ်ယားစ်ဂွမ္မန်(حفظه الله)၊ လျှောက်ထားလိုသည်မှာ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်မှုနည်းလမ်းများဖြစ်သော မျက်နှာကိုဖုံးအုပ်ခြင်း၊ လက်ဆေးခြင်း၊ အပြင်သို့မသွားခြင်း၊ လက်ဆွဲနှုတ်ဆက်မှုမပြုခြင်း အစရှိသည်များ။ တရားတော်အရ ၎င်းတို့၏အဆင့်မှာ မည်သို့ရှိပါသနည်း။ အဖြေ - ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွက်ကြောင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများမှ အကြံပြုတင်ပြထားသော ကြိုတင်ကာကွယ်မှုနည်းလမ်းများအပေါ် ကျင့်သုံးခြင်းသည် သာသနာ့သွန်သင်ချက်များနှင့် လုံးဝကိုက်ညီပါသည်။ ကပ်ရောဂါတစ်ခုခု အဖြစ်များနေချိန်တွင် သင့်လျော်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်းသည် သဝက္ကုလ်နှင့် လုံးဝမဆန့်ကျင်ပါ။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော နည်းလမ်းများအပေါ် ပြည့်ပြည့်ဝဝ ကျင့်သုံးရန် တရားတော်အရလည်း အရေးကြီးပါသည်။ မေးခွန်းနံပါတ်(၂) - ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ခြင်းကြောင့် တချို့နိုင်ငံများတွင် ဗလီဝတ်ကျောင်းတော်များအား ပိတ်လိုက်ပြီဖြစ်သည်။ ဂျုမုအဟ်နမားဇ်နှင့် ဂျမာအသ်ဖြင့်နမားဇ်တို့ကို အိမ်တွင်ဖတ်ရန် အမိန့်ထုတ်ထားသည်။ ဤအခြေအနေမျိုးတွင် အိမ်များ၌ တစ်ဦးချင်းစီ နမားဇ်ဖတ်ရမည်လား? သို့မဟုတ် ဂျမာအသ်ဖြင့် ဖတ်ရမည်လား? အဖြေ - ဗလီများအားပိတ်ခြင်းနှင့် ဂျုမုအဟ်နေ့စုဝေးမှုများအား ပိတ်ပင်ခြင်းသည် မမှန်ကန်ပါ။ သို့သော် ဗလီများအား အာဏာပိုင်က ပိတ်ပင်သည့်အတွက်ကြောင့် လူကြီးမင်းအပေါ် အပြစ်မထိုက်ဘဲ အာဏာပိုင်အပေါ် အပြစ်ထိုက်လိမ့်မည်။ သို့သော် ပေါက်ရောက်သောပုဂ္ဂိုလ်များအနေဖြင့် အစိုးရအရာရှိများနှင့် တာဝန်ရှိသူများအား ရှင်းပြရမည်။ ဤသို့သောအခြေအနေမျိုးတွင် ဂျမာအသ်ဖြင့်နမားဇ်များအတွက် ကျင့်သုံးရမည့်ပုံစံမှာ နမာဇီသည် စွန္နသ်များအား အိမ်မှဖတ်၍လာရမည် ဖြစ်ပြီး နမားဇ်အပြီး စွန္နသ်များကိုလည်း ဗလီအစား အိမ်ပြန်၍ပင် ဖတ်ရမည်၊ အကြောင်းမှာ စွန္နသ်များအား အိမ်တွင်ဖတ်ခြင်းသည် ပိုမြတ်သည်။ ထိုနည်း၎င်းပင် နမာဇီပုဂ္ဂိုလ်များသည် ဝုဇူကိုလည်း အိမ်မှပင် ပြုလုပ်၍လာသင့်သည်။ ဂျုမုအဟ်နမားဇ်နှင့် ကျန်အိဗာဒသ်များအား အတိုချုံ့၍ပြုလုပ်ခြင်းသည်သာ ပိုကောင်းသည်။ အကယ်၍ အာဏာပိုင်က အိမ်များတွင် နမားဇ်ဝတ်ပြုရန် ဆုံးဖြတ်လိုက်ပါက ထိုအခြေအနေမျိုးတွင် အိမ်၌ ဂျမာအသ်ဖြင့် သို့မဟုတ် တစ်ဦးချင်းစီ ပုံစံနှစ်မျိုးစလုံးဖြင့် နမားဇ်ဝတ်ပြုခြင်း ပိုင်ပါသည်။ ဂျမာအသ်ဖြင့်ဝတ်ပြုခြင်းသည် ပိုမြတ်သည်။ မေးခွန်းနံပါတ်(၃) - အဇာန်ပြီးနောက် صلوا فی بیوتکم သို့မဟုတ် صلوا فی رحالکم ဟု ပြောခြင်းမှာ မည်သို့နည်း? အဖြေ - သီးသန့်အချိန်အခါများတွင် ဤကဲ့သို့သောစကားလုံးများ ပြောဆိုခြင်းသည် ဟဒီးဆ်တွင်အထောက်အထားရှိသည် : ဟဇ်ရသ် အဗ်ဒုလ္လာဟ်ဗင်န်အုမရ်(رضي الله عنهما)သည် အေးစက်ပြီး မိုးသည်းထန်စွာရွာသော ညတစ်ညတွင် အဇာန်ဆိုခဲ့သည်။ ထို့နောက် ဤသို့ကြွေးကြော်လိုက်သည် ألا صلوا في الرحال‏ အို လူတို့! မိမိတို့၏ နေအိမ်များ၌သာ နမားဇ်ဖတ်လိုက်ကြပါ။ ထို့နောက် အမိန့်ရှိသည်မှာ တမန်တော်မြတ်(صلى الله عليه وسلم)သည် အေးစက်ပြီး မိုးသည်းထန်စွာရွာသော ညများတွင် မုအဇ္ဇင်န်အား ဤသို့ကြေညာလိုက်ရန် အမိန့်ပေးလေ့ရှိခဲ့သည်: အို လူတို့! မိမိတို့၏ နေအိမ်များ၌သာ နမားဇ်ဖတ်လိုက်ကြပါ။ (ဆွဟီးဟ်ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် ၆၆၆) မေးခွန်းနံပါတ်(၄) - ဂျုမုအဟ်နေ့တွင်လည်း ဗလီများ ဖွင့်မည်မဟုတ်ပါ၊ ဂျုမုအဟ်နမားဇ်နှင့် ခုသ်ဗဟ် ဖြစ်မည်မဟုတ်ပါ။ သို့ရှိရာ ဤအခြေအနေမျိုးတွင် ဇိုဟိုရ်ဝတ်ပြုရမည်လား? သို့မဟုတ် ဂျုမုအဟ်နမားဇ် ဝတ်ပြုရမည်လား? ထို့အတူ အကယ်၍ လူ၂ဦး၊ ၃ဦးက မိမိတို့အိမ်(သို့)အခန်းတွင် စုပေါင်း၍ ဂျုမုအဟ်နမားဇ်ဝတ်ပြုမည်ဆိုလျင် မည်သို့နည်း။ အဖြေ - အစက တင်ပြခဲ့သကဲ့သို့ပင် ဗလီများအားပိတ်ခြင်းနှင့် ဂျုမုအဟ်အားပိတ်ပင်ခြင်းမှာ မပိုင်ပါ။ ဂျုမုအဟ်ကို ဗလီမှာပင် ဝတ်ပြုသင့်ပါသည်။ သို့သော် အကယ်၍ အာဏာပိုင်ဘက်မှ တားမြစ်ထားပါက ဤအခြေအနေမျိုးတွင် နေရာတချို့၌ လူတစ်ချို့စုစည်း၍ ဂျုမုအဟ်ဝတ်ပြုလိုက်ပါ။ အကြောင်းမှာ အဟ်နားဖ်ထံတွင် ဂျုမုအဟ်နမားဇ်အတွက် အိမာမ်မှအပ လူ၃ယောက်ရှိလျင် လုံလောက်သည်။ ထို့ကြောင့် ဤသို့သောအခြေအနေတွင် လူတစ်ယောက်အား အိမာမ်အဖြစ်ပြုလုပ်လိုက်ရမည် ဖြစ်ပြီး ခုသ်ဗဟ်အနည်းငယ် ပေးလိုက်ရမည်။ ခုသ်ဗဟ်တွင် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့် သတ်က်ဝါအကြောင်း ပါရှိရမည်။ အကယ်၍ ဗလီတွင် ဂျုမုအဟ်ဝတ်ပြုရန် ဖြစ်နိုင်ပါက ထိုအခြေအနေတွင် ဗလီတွင် ဂျုမုအဟ်သာလျင် ဝတ်ပြုရမည်။ မေးခွန်းနံပါတ်(၅) - အိမ်တွင် ဂျုမုအဟ်နမားဇ်ဖတ်ရန် ရှိလာပါက ၎င်းအတွက် ခုသ်ဗဟ်အတိုလေးတစ်ပုဒ်လောက် ပြသပေးပါ။ အဖြေ - အောက်တွင် ဂျုမုအဟ်အတွက် ခုသ်ဗဟ်အတိုလေး ရေးသားတင်ပြလိုက်သည် : ပထမခုသ်ဗဟ် اِنَّ الْحَمْدَ لِلہِ نَحْمَدُہٗ وَنَسْتَعِیْنُہٗ وَنَسْتَغْفِرُہٗ وَنَعُوْذُ بِاللہِ مِنْ شُرُوْرِ أَنْفُسِنَا وَمِنْ سَیِّئَاتِ أَعْمَالِنَا۔ وَأَشْھَدُ أَنْ لَا اِلٰہَ اِلَّااللہُ وَحْدَہٗ لَاشَرِیْکَ لَہٗ وَأَشْھَدُ أَنَّ مُحَمَّدًا عَبْدُہٗ وَرَسُوْلُہٗ أَمَّا بَعْدُ: فَاِنَّ خَیْرَ الْحَدِیْثِ کِتَابُ اللہِ وَخَیْرَ الْھَدْیِ ھَدْیُ مُحَمَّدٍ صَلَّی اللہُ عَلَیْہِ وَسَلَّم۔ بَارَکَ اللہ لَنَا وَلَکُمْ فِی الْقُرْآنِ الْعَظِیْمِ وَنَفَعَنَا وَاِیَّاکُمْ بِالْکِتَابِ وَالْذِّکْرِ الْحَکِیْمِ اِنَّہٗ تَعَالٰی جَوَّادٌ کَرِیْمٌ ဒုတိယခုသ်ဗဟ် اَلْحَمْدُ لِلہِ رَبِّ الْعٰلَمِیْنَ وَالْعَاقِبَۃُ لِلْمُتَّقِیْنَ۔ اَللّٰهُمَّ صَلِّ وَسَلِّمْ وَبَارِکْ عَلٰی سَیِّدِنَا وَمَوْلَانَا مُحَمَّدٍ وَّاَزْوَاجِهٖ وَذُرِّیَّتِهٖ وَصَحْبِهٖ اَجْمَعِیْن۔ قَالَ النَّبِیُّ صَلَّی اللہُ عَلَیْہِ وَسَلَّم: خَیْرُ اُمَّتِیْ قَرْنِیْ ثُمَّ الَّذِیْنَ یَلُوْنَھُمْ ثُمَّ الَّذِیْنَ یَلُوْنَهُمْ۔ انَّ اللهَ یَأْمُرُ بِالْعَدْلِ وَالْاِحْسَانِ وَاِیْتَآءِ ذِی الْقُرْبٰی وَیَنْهٰی عَنِ الْفَحْشَآءِ وَالْمُنْکَرِ وَالْبَغْيِ یَعِظُکُمْ لَعَلَّکُمْ تَذَکَّرُوْنَ မေးခွန်းနံပါတ်(၆) - ဇနီး(သို့)တခြားသော မဲဟ်ရမ်အမျိုးသမီးများနှင့်အတူ ဂျမာအသ်ဖြင့် နမားဇ်ဝတ်ပြုခွင့် ရှိပါသလား။ အဖြေ - ဇနီးနှင့် တခြားသော မဲဟ်ရမ်အမျိုးသမီးများနှင့်အတူ ဂျမာအသ်ပြုလုပ်ခွင့် ရှိပါသည်။ ဤသို့သောအခြေအနေတွင် အမျိုးသမီးသည် အဘယ်မျှခန့် နောက်ဆုတ်၍ ရပ်ရမည်ဆိုသော် စဂ်ျဒဟ်၏အခြေအနေတွင် ၎င်း၏ဦးခေါင်းသည် အိမာမ်၏ခြေထောက်၏ အနောက်တွင်ရှိနေရမည်။ အကယ်၍ ကလေးများသည်လည်း ဂျမာအသ်တွင်ပါဝင်ပါက အရှေ့ဆုံးတွင် အိမာမ်ရပ်ရမည်၊ ထို့နောက် ကလေးများ(ယောက်ျားလေးများ) ရပ်ရမည်၊ ထို့နောက် အမျိုးသမီးရပ်ရမည်။ အကယ်၍ ကလေးတစ်ဦးတည်းသာ ရှိပါက အိမာမ်၏ညာဘက်တွင် ရပ်ရမည်၊ အနောက်တွင် အမျိုးသမီးရပ်ရမည်။ မေးခွန်းနံပါတ်(၇) - မျက်နှာဖုံး(Mask)တပ်ဆင်၍ နမားဇ်ဖတ်ခွင့်ရှိပါသလား? အဖြေ - မလိုအပ်ဘဲ မျက်နှာကို မျက်နှာဖုံး(Mask) သို့မဟုတ် အဝတ်တစ်ခုခုဖြင့် ဖုံးအုပ်ခြင်းမှာ မသင့်လျောပါ။ သို့သော် မလွဲသာသောအကြောင်းတစ်ခုခုကြောင့် သို့မဟုတ် ရောဂါပြန့်ပွားမည်ကို စိုးရိမ်ရပါက မျက်နှာဖုံး(Mask)တပ်ဆင်၍ နမားဇ်ဝတ်ပြုရာတွင် တစ်စုံတရာ ပြဿနာမရှိပါ။ မေးခွန်းနံပါတ်(၈) - အိမ်များ၌ လိုအပ်သောပစ္စည်းများအား စုဆောင်းသိုလှောင်ထားခြင်း ပိုင်ပါသလား? အဖြေ - လိုအပ်ချက်နှင့်အညီ ပစ္စည်းများ ဝယ်ယူစုဆောင်းခြင်း ပြုပိုင်သည်။ သို့သော် စျေးကွက်၌ ရှားပါးသွားစေသည့်တိုင်အောင် ပစ္စည်းများ ဝယ်ယူစုဆောင်းခြင်း မပြုပိုင်ပါ။ မေးခွန်းနံပါတ်(၉) - အကယ်၍ ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသွားသည့်သူ၏ အလောင်းအား အာဏာပိုင်များမှ ပြန်ပေးသော်လည်း ဖွင့်ခွင့်မရှိသည့်အပြင် အာဏာပိုင်များဘက်မှ ထုပ်ပိုးထားသော အလောင်းအတိုင်းသာ သဂြိုလ်ရမည်ဆိုပါက ၎င်းအား ရေးချိုးခြင်းနှင့် ကဖန်ကိစ္စရပ်များအား မည်သည့်ပုံစံ ဆောင်ရွက်ရမည်နည်း? အဖြေ - သေသူအား ရေချိုးပေးခြင်းသည် ဝါဂျိဗ်ဖြစ်ပြီး အကြောင်းမဲ့ စွန့်လွှတ်ခြင်းမပိုင်ပါ။ အကယ်၍ အာဏာပိုင်များက ဆွေမျိုးများအား အလောင်းပြန်ပေးသော်လည်း ဖွင့်ခြင်းကို တားမြစ်ထားပြီး ချိုးဖောက်ပါက ပြစ်ဒဏ်ခတ်ခံရရန် ကြိမ်းသေပါက သို့မဟုတ်) အခိုင်အမာစိုးရိမ်ရပါက ထိုအခြေအနေများ၌ အောက်ဖော်ပြပါ ပုံစံများအနက်မှ အစဉ်လိုက် လက်တွေ့တွင်ဖြစ်နိုင်သောပုံစံကို ရွေးချယ်ဆောင်ရွက်ပါ : အကယ်၍ ဆေးရုံးဝန်ထမ်းများ၌ ဤကဲ့သို့သောသေသူအတွက် ပလက်စတစ် စသဖြင့် လုံခြုံစွာပိတ်နိုင်သည့် အရာများရှိပါက ၎င်းတို့အနေဖြင့် ဤသို့သောသေသူအား ရေချိုးပေးပြီး သေသူနှင့်သက်ဆိုင်သူများအား အပ်နှံလိုက်ပါ။ အကယ်၍ ဆေးရုံဝန်ထမ်းများက ရေချိုးပေးရန် ငြင်းဆန်ပါက သေသူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော အဝတ်အစားနှင့်တကွပင် ရေပိုက်တစ်ခုခုအောက်တွင် ထား၍ သို့မဟုတ် အဝေးမှ ပိုက် စသဖြင့် အရာများနှင့် ရေလောင်း၍ ရေချိုးပေးရမည်။ အကယ်၍ သေသူအား ပလက်စတစ် အစရှိသည်များဖွင့်၍ ရေပိုက် စသည်များနှင့် ရေချိုးပေးရာ၌ ရေချိုးပေးသူအား ရောဂါကူးစပ်သွားမည်ကို စိုးရိမ်ရပါက ပိတ်ထားသော ပလက်စတစ်အပေါ်မှ ရေချိုးပေးသည့်နိယသ်ဖြင့် ရေလောင်းပေးလိုက်ရမည်။ အဘယ်ကြောင့်ဆိုသော် သေသူအားရေချိုးပေးခြင်းနှင့် ဂျနာဇာဝတ်ပြုခြင်းသည် ဝါဂျိဗ်ဖြစ်သည်။ ဤသို့ပြုခြင်းသည် သေသူအတွက် မွတ်စ်လင်မ်များအပေါ် တာဝန်ဝတ္တရားတစ်ရပ် ဖြစ်သည်။ ရောဂါပျံ့နှံ့မည်ကို စိုးရိမ်ရသည့်အတွက်ကြောင့်နှင့် ဤတာဝန်ဝတ္တရားမှာ မပျက်ပြယ်သွားပါ။ မေးခွန်းနံပါတ်(၁၀) - ဤအချိန်အခါ၌ ကျွန်ုပ်တို့အား တရားတော်မှ ဒွန်ယာနှင့်အာခိရသ်၏ အခက်အခဲများမှ လွတ်မြှောက်မှုရရှိစေရန် မည့်သို့သောအရာများအား လုပ်ဆောင်ရန် အမိန့်ရှိထားသနည်း? အဖြေ - ဤအချိန်အခါ၌ သုံးခုသောအရာအား အလေးအနက်ထားဆောင်ရွက်ပါ။ ၁။ မိမိတို့၏ အပြစ်ဂုနာဟ်များမှ သောင်ဗဟ်(အမှားဝန်ချတောင်းပံမှု) ပြုလုပ်ပါ။ ၂။ တတ်စွမ်းနိုင်သလောက် ဆွဒကဟ်၊ အလှူဒါနပြုလုပ်ပါ။ ၃။ စွန္နသ်တော်လာ တောင်းဆုဒိုအာများအား အလေးအနက်ထား တောင်းခံပါ။ ဟဇရသ် အုမရ်(رضي الله عنه)သခင်ထံမှ ဆင့်ပြန်လာရှိသည်၊ တမန်တော်မြတ်(صلى الله عليه وسلم)အမိန့်ရှိတော်မူသည်: အကြင်သူသည် အခက်အခဲ၊ဒုက္ခရောက်နေသူ တစ်ဦးဦးအား တွေ့မြင်ပြီး ဤဒိုအာ اَلْحَمْدُ لِلّٰہِ الَّذِیْ عَافَانِی مِمَّا ابْتَلاَکَ بِہٖ وَفَضَّلَنِیْ عَلٰی کَثِیرٍ مِمَّنْ خَلَقَ تَفْضِیلاً အဓိပ္ပါယ်: ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်သည်၊ ထိုအရှင်မြတ်သည် အသင့်အား နစ်မွန်းစေသည့်ဒုက္ခမှ ကျွန်ုပ်အား လွတ်မြှောက်စေခဲ့သည်၊ ထို့အပြင် ကျွန်ုပ်အား မိမိ၏ မြောက်များစွာသော အဖန်ဆင်းခံများအပေါ် သာမြတ်မှု ချီးမြှင့်ထားပါသည်။ ကို ရွတ်ဖတ်ပါက ထိုသူသည် သက်တမ်းတစ်လျှောက်လုံး ၎င်းဒုက္ခမှ ကင်းဝေးနေလိမ့်မည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်အား ကူးစပ်ရောဂါတစ်ခုခု ကူးစက်ထားသည်ကို ကြားသိရတိုင်း ဤဒိုအာကို ဂရုတစိုက်ဖတ်ပါ။ ဒုက္ခရောက်စေသော ရောဂါမျိုးစုံမှ လွတ်မြှောက်ရန် ဤ မက်စ်နူးန်ဒိုအာများအား တောင်းခံမှုပြုပါ: اللَّهمَّ إِنِّي أَعُوُذُ بِكَ مِنَ الْبرَصِ وَالجُنُونِ والجُذَامِ ومِنْ سَّيِءِ الأَسْقامِ အဓိပ္ပါယ်: အို အလ္လာဟ်! ကျွန်ုပ်သည် အနာကြီးရောဂါ၊ ဦးနှောက်ချို့ယွင်းမှု၊အနူရောဂါနှင့် မကောင်းသော ရောဂါမျိုးစုံမှ အသင်အရှင့်ထံ ခိုလှုံပါသည်။ اَلّٰلهُمَّ عَافِنِي فِيْ بَدَنِيْ، اَلّٰلهُمَّ عَافِنِيْ فِيْ سَمْعِيْ اَلّٰلهُمَّ عَافِنِيْ فِيْ بَصَرِيْ لآ إِلٰهَ اِلاَّ اَنْتَ အဓိပ္ပါယ်: အို အလ္လာဟ်! ကျွန်ုပ်၏ခန္ဓာကိုယ်၊ ကျွန်ုပ်၏အကြားအာရုံနှင့် ကျွန်ုပ်၏အမြင်အာရုံတို့တွင် သက်တောင့်သက်သာမှု ချီးမြှင့်တော်မူပါ။ အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ရာအရှင် မရှိပါ။ သတိပေးချက် - တစ်ခုမှာ ရုပ်ပိုင်းဆိုင်ရာရောဂါ ဖြစ်ပြီး နောက်တစ်ခုမှာ နာမ်ပိုင်းဆိုင်ရာရောဂါ ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာရောဂါကြောင့် လူသားသည် အများဆုံး ကဗရ်၏ဝမ်းဗိုက်ထဲသို့ ဆင်းသက်သွားရသည်။ နာမ်ပိုင်းဆိုင်ရာရောဂါများဖြစ်သော ကုဖ်ရ်(သွေဖည်ငြင်းဆန်ခြင်း)၊ ဖိစ်က်(ဂုနာဟ်ကျူးလွန်ခြင်း)၊ အကီဒဟ်(ယုံကြည်ချက်)ပျက်ပြားခြင်းနှင့် အအ်မားလ်(ကျင့်ဆောင်ချက်များ) ပျက်ပြားခြင်း တို့ကြောင့် လူသားသည် ဂျဟန္နမ်၏ဝမ်းဗိုက်ထဲသို့ ထိုးကျသွားရသည်။ ရုပ်ပိုင်းဆိုင်ရာရောဂါများအား ကုသရန် အာရုံစိုက်သင့်သည်၊ သို့သော် ၎င်းထက် အများကြီးပို၍ နာမ်ပိုင်းဆိုင်ရာရောဂါများမှ ရှောင်ကျဉ်ရန်နှင့် ထိုရောဂါများအား ကုသရန် အာရုံစိုက်သင့်ပါသည်။ အလ္လာဟ်အရှင်မြတ်သခင် ကျွန်ုပ်တို့အားလုံးအား ရုပ်ပိုင်းဆိုင်ရာနှင့် နာမ်ပိုင်းဆိုင်ရာ ရောဂါများအားလုံးမှ ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေ။ واللہ اعلم بالصواب မုဟမ္မဒ်အိလ်ယားစ်ဂွမ္မန် ၁၉ မတ်၊ ၂၀၂၀။ မြန်မာဘာသာပြန်- Ahnaf Media Services-Myanmar PDF Download Link https://my.pcloud.com/publink/show?code=XZa9i9kZzIlldu0tjsB1TvXyj9oVqhAMojXV

Moulana Bilal Bawa Rangooni || Wazifah || Ummaty Ummaty

https://youtu.be/RpDp_0-5u9Y

Preparation for the worst to come. LIVE || 20-3-2020 || Moulana Bilal Ba...

https://youtu.be/WTqMI4V5K_c

Saturday, February 22, 2020

Myanmar Bayan: စူရဟ်ကိုရိုင်ရှ် အပိုင်း(4) နိဂုံး || Mufti Inaam ...

Myanmar Bayan: စူရဟ်ကိုရိုင်ရှ် အပိုင်း(4) နိဂုံး || Mufti Inaam ...: https://youtu.be/_vrPNH2UgQc

Myanmar Bayan: အချစ်ဆုံးမိတ်ဆွေဆိုသည်မှာ || Mufti Muhammad Anas S...

Myanmar Bayan: အချစ်ဆုံးမိတ်ဆွေဆိုသည်မှာ || Mufti Muhammad Anas S...: https://youtu.be/cYnHI-tqmjw

Myanmar Bayan: Mufti Inaam ul Hasan Svahib || Myanmar Bayan || Um...

Myanmar Bayan: Mufti Inaam ul Hasan Svahib || Myanmar Bayan || Um...: https://youtu.be/N3nB1ULkrcY

Myanmar Bayan: ဟဇရသ်စအဒ်အိဗ်နေ အဗီဝက္ကားစွ် رضی اللہ تعالی عنہ သခ...

Myanmar Bayan: ဟဇရသ်စအဒ်အိဗ်နေ အဗီဝက္ကားစွ် رضی اللہ تعالی عنہ သခ...: https://youtu.be/JWElNNvPdBs

Myanmar Bayan: Moulana Abdur Raheem Svahib || Nomani || Yangon ||...

Myanmar Bayan: Moulana Abdur Raheem Svahib || Nomani || Yangon ||...: https://youtu.be/RjycpJZ7h5w

Myanmar Bayan: Moulana Jafar Svahib || Mawlamyine || Myanmar Baya...

Myanmar Bayan: Moulana Jafar Svahib || Mawlamyine || Myanmar Baya...: https://youtu.be/FDszXXOa0jU

Myanmar Bayan: "ဟလာလ်ရိုဇီ၏ အကျိုးသက်ရောက်မှု"ဂျုမူအဟ်အစီအစဉ်ကျူလီ...

Myanmar Bayan: "ဟလာလ်ရိုဇီ၏ အကျိုးသက်ရောက်မှု"ဂျုမူအဟ်အစီအစဉ်ကျူလီ...: https://youtu.be/s5BPMD8Quic

Saturday, February 8, 2020

Myanmar Bayan: Moulaan Jafar Svahib || Mawlamyine || Myanmar Baya...

Myanmar Bayan: Moulaan Jafar Svahib || Mawlamyine || Myanmar Baya...: https://youtu.be/YvImGsSp1Sw

Myanmar Bayan: Moulana Swaleh Bodi Svahib || Yangon || Myanmar Ba...

Myanmar Bayan: Moulana Swaleh Bodi Svahib || Yangon || Myanmar Ba...: https://youtu.be/Irx2UNYuKtw

Myanmar Bayan: Amyo Tami Ijtema || Moulana Jafar Svahib || Mawlam...

Myanmar Bayan: Amyo Tami Ijtema || Moulana Jafar Svahib || Mawlam...: https://youtu.be/qd2aVQKAVEU

Myanmar Bayan: Mufti Osman Svahib || Mawlamyine || Myanmar Bayan ...

Myanmar Bayan: Mufti Osman Svahib || Mawlamyine || Myanmar Bayan ...: https://youtu.be/SYwTx6JCpkA

Myanmar Bayan: Mufti Ajmal Svahib || Mawlamyine || Myanmar Bayan ...

Myanmar Bayan: Mufti Ajmal Svahib || Mawlamyine || Myanmar Bayan ...: https://youtu.be/gUfnRYylA-E


Myanmar Bayan: Moulana Jafar Svahib || Mawlamyine || Myanmar Baya...: https://youtu.be/2H4picPFUHE

Wednesday, January 22, 2020

Myanmar Bayan: Mufti nurullah svahib.မြန်မာဘယာန်

Myanmar Bayan: Mufti nurullah svahib.မြန်မာဘယာန်: https://youtu.be/XVpkffQ3emQ

Myanmar Bayan: မြန်မာဘယာန် mufti nurullah tar yar hla pa taw marr...

Myanmar Bayan: မြန်မာဘယာန် mufti nurullah tar yar hla pa taw marr...: https://youtu.be/TsCnMwUbJ8M

Myanmar Bayan: မြန်မာဘယာန်.Mufti nurullah svahib

Myanmar Bayan: မြန်မာဘယာန်.Mufti nurullah svahib: https://youtu.be/17HxzqitvHg

Myanmar Bayan: မြန်မာဘယာန် مفتی نوراللہ mufti nurullah

Myanmar Bayan: မြန်မာဘယာန် مفتی نوراللہ mufti nurullah: https://youtu.be/1i8Nx9uveKo

Myanmar Bayan: မြန်မာဘယာန်.Mufti nurullah svahib

Myanmar Bayan: မြန်မာဘယာန်.Mufti nurullah svahib: https://youtu.be/19uPKkx3XYg

Myanmar Bayan: မြန်မာဘယာန် مفتی نوراللہ mufti nurullah

Myanmar Bayan: မြန်မာဘယာန် مفتی نوراللہ mufti nurullah: https://youtu.be/AufZD0rIvc4

Myanmar Bayan: "အစ္စလာမ်၌ လူမျိုးကြီးဝါဒမရှိ"မွဖ်သီ နူရွလ္လာဟ် // M...

Myanmar Bayan: "အစ္စလာမ်၌ လူမျိုးကြီးဝါဒမရှိ"မွဖ်သီ နူရွလ္လာဟ် // M...: https://youtu.be/ImuF9my-t3Y

Myanmar Bayan || Mufti Anas Yangon || Ummaty Ummaty

https://youtu.be/XLhTpfntN3w

Tuesday, January 21, 2020

Aalim Pyin Nyar Shin Myar Ne Sat Twel Htar Yan Ayee Kyee Chin | Moulana ...

https://youtu.be/5ZrLktIgGdo

Aakhirat Ko Tadi Ya Kya Par Soe || Mufti Nurul Ameen || Rashidi || Mahmu...

https://youtu.be/y0CYfJ-UhGk

Nabi S.A.W Tanya Lone Ngo Kway Nay Chin || Moulana Maqsood Ahmad Khan ||...

https://youtu.be/RDsS-nslugY

Moulana Jamluddeen Svahib | Jan 2020 | Nabi S.A.W Ko Bel Lout Chit Ya Ma...

https://youtu.be/vbBSISWx-dw

Myanmar Bayan || We And Online || Moulana Muhammad Yusuf || Pyay

https://youtu.be/vS9JfXLW1rM

Moulana Ziyaurrahman Svahib || Hakimi || Pyay || Myanmar Bayan

https://youtu.be/9teN9yHihtE

Internet Tone Swel Thu Tine Atwat | Moulana Maqsood Ahmad Khan | Sulaima...

https://youtu.be/8tQlkdWmy4o

Saturday, January 11, 2020

Seerat e Nabi S.A.W || Part 1 || Myanmar Bayan || Mufti Ismail Tahton ||...

https://youtu.be/HDMt31SWlLE

Achein Tanpho Htar Tat Aung 9 chat ko saung || Mufti Inaam Ul Hasan || M...

https://youtu.be/o7zjEUIIqMU

Jin Lawka Akyaung || Mufti Ali MM Rounak || Yangon || Myanmar Bayan || U...

https://youtu.be/vNGCxQBRySA

Lu Nge Aalim Myar Atwet || Mufti Ali MM Rounak || Myanmar Bayan || Ummat...

https://youtu.be/8zwIbLec25I

Islam Ne Kyan Mar Yee || Mufti Nurullah Yangon || Myanmar Bayan || Ummat...

https://youtu.be/hYE1Dqrf9e4

Moulana Svabir R.H || Part 2 || Myanmar Bayan || Ummaty Ummaty

https://youtu.be/_AVTkqQc4mI

Allah Ye Achit Ne Allah Ye Akyaut || Moulana Muhammad Abbas Qasimi || My...

https://youtu.be/q2wbPfiYc7Y

Tin Kan Sar 198 || Muhammad Maqsood Ahmad Khan Sulaimani || 24/12/2019 |...

https://youtu.be/78Pz7vhj4u0

Tu Taw Zin Khwaja Ei Khalay Bava Akyaung || Mufti Muhammad Nurullah || Y...

https://youtu.be/fuPP9VfbUHE

Muti Ali MM Rounak Yangon || Myanmar Bayan || Ummaty Ummaty

https://youtu.be/G9TXuBPNZ6I

ဇနီးသည်များအာနမာဇ်ဖတ်ဖို့ဆုံမပေးပါ || Myanmar Bayan || Ummaty Ummaty

ဇနီးသည်များအာနမာဇ်ဖတ်ဖို့ဆုံမပေးပါ

=========================

နမာဇ်ဖတ်ဖို့ဆုံးမပါ…
မဖတ်မခြင်းပြောနေပါ…

ဇနီသည်နမာဇ်မဖတ်ပါက
ပြောဆိုဆုံးမရမည့်တာဝန်မှာ
လင်ယောက်ကျား၏တာဝန်ပင်ဖြစ်ချေသည်…

ဟဇ်ရသ်ထာနဝီ ( ရဟ ) သခင်ဆုံးမသည်မှာ
ဇနီးသည်များအား တာဝန်ကျေ နမာဇ်ဖတ်ရန်
တစ်ခေါက်နှစ်ခေါက်တိုက်တွန်းပြီး ငါ့တာဝန်တော့
ကျေပြွန်သွားပြီး မဖတ်တာသူနဲ့ Allahနဲ့ ရှင်းပစေ
ငါ့နဲ့မဆိုင်တော့ဟု တာဝန်မဲ့စွာမနေသင့်ပါ…

အကယ်၍ ဇနီးသည်ဟင်းချက်ရာတွင်
ဆားအပေါ့အငံမခွဲချားတတ်ချိန်၌ အဘယ်ကဲ့သို့
ဆုံမပြောဆိုခဲ့သနည်…?

ဟင်းချက်ကျွမ်းကျင်သည်အထိ ပြောဆိုခဲ့ပါသည်
ဇနီးသည်လဲ အပြောမခံနိူင်သောကြောင့်
မခံချင်စိတ်များဖြင့် ကျွမ်းကျင်တတ်မြှောက်အောင်
သင်ယူလိုက်ကြပါသည်

နောက်ဆုံးတွင် ကောင်းမွန်ကျနစွာ
ဟင်းချက်တတ်သော အိမ်ရှင်မတစ်ယောက်ဘဝသို့
ရောက်အောင် အသင်ပိုဆောင်နိူင်ခဲ့ပါသည်…

ဆားငံတဲ့အချိန်ကျနော်မနေနိူင်
အမြဲတမ်းဝေဖန်ခဲ့ပါမူ နမာဇ်မဖတ်တဲ့အချိန်
A llahအမိန့်မနာခံရာ၌ အဘယ်ကြောင့်
နူတ်ဆိတ်စွားနေထိုင်နေရပါသနည်း…?

မဖတ်မခြင်းဆုံးမရမည့်တာဝန်မှာ
လင်ယောက်ကျား၏တာဝန်ဖြစ်ပေသည်…

အမှန်ဆိုလျှင် ဇနီးသည်အား
နမာဇ်မဖတ်သောအချိန်၌ မကျေနပ်သော
ဟန်ပန်အမူရာတို့ဖြင့်ဆုံမပဲ့ပင်ရပေလိမ့်မည်
မနာခံပါကအိပ်ရာပင်ခွဲအိပ်ရပေလိမ့်မည်
သူ့လက်ဖြင့်ချက်သော အစားအစားများကိုပင်
မစားတော့ဘဲ နမာဇ်ဖတ်လာရန် ဆုံမသင့်ပေသည်…

ဝေ ယံ ဖြိုး ( အဖျောက် )

ကိုယ့်အလုပ်အတွက် မဖြစ်မနေ ထရတဲ့ နံနက်ခင်းနဲ့ || Myanmar Bayan || Ummaty Ummaty

ကိုယ့်အလုပ်အတွက် မဖြစ်မနေ
ထရတဲ့ နံနက်ခင်းနဲ့

အလ္လာဟ်ရဲ့အမိန့်ကြောင့်
ဖဂျရ်ထဖတ်တဲ့ နံနက်ခင်းနဲ့

ဘယ်လောက်ကွာလဲဆိုတဲ့ အရသာကိုသိမဲ့
မွတ်စ္စလင်မ်တွေ မရှိသလောက်နည်းသွားပြီ

အလ္လာဟ် ထိန်းသိမ်းတော်မူပါစေ(အာမီးန်)

Friday, January 10, 2020

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ဒွန်ယာလောကသို့ အလွန်တိုတောင်းသောကာလအတွက် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ဒွန်ယာလောကသို့ အလွန်တိုတောင်းသောကာလအတွက် စေလွှတ်ခဲ့ခြင်းဖြစ်သည်။ 


ကျွန်ုပ်တို့သည် ၎င်းကာလအတွင်း အာခိရသ်(နောင်တမလွန်)အတွက် အလုပ်များစွာ လုပ်ရမည်ဖြစ်သည်။ ဤခံစားချက်ကို အမြဲတန်း လန်းဆန်းစေသင့်ပါသည်။ ကျမ်းမြတ်ကုရ်အာန်သည် နေရာပေါင်းများစွာ၌ ၎င်းအချက်အပေါ် အာရုံလှည့်စေပါသည်။ ဒွန်ယာလောကကို ယာယီ၊ ၎င်း၏ဥစ္စာပစ္စည်းများကို တန်ဖိုးမရှိသော၊ အလွန်နည်းပါးသော သို့သာမက လှည့်စားမှုဟု သတ်မှတ်ထားပါသည်။ ဒွန်ယာနှင့် ၎င်း၏အချစ်: ––––––––––––––––––––– 

ဟကီမုလ်အွမ္မသ် ဟဇ်ရသ်မော်လာနာ အရှ်ရဖ်အလီထာနဝီ(رحمہ اللہ) အမိန့်ရှိသည်: အဘယ်အရာတွင် လက်ရှိကာလ၌ မိမိအတွက် အကျိုးအမြတ်ရှိပြီး အာခိရသ်တွင် ၎င်း၏အကျိုးအမြတ် မရရှိပါက ၎င်းသည် ဒွန်ယာဖြစ်သည်။ အဘိဓါန်အရ ဒွန်ယာဟူသည် နီးကပ်သောအရာကို ခေါ်သည်။ လူတို့၏အသုံးအနှုန်းတွင် မသေခင်အခြေအနေကို ချွင်းချက်မဲ့ ခေါ်ဆိုသည်။ ရှရီအသ်တရားတော်အရ သီးသန့် အာခိရသ်မှတားစီးသော အခြေအနေကို ခေါ်သည်။ ထို့ပြင် အာခိရသ်မှ တားစီးရန် အကြောင်းခံဖြစ်သော ဒွန်ယာ၏ပစ္စည်းဥစ္စာများကိုလည်း ခေါ်ဆိုလေ့ရှိသည်။ သို့ရှိရာ အာခိရသ်နှင့် ရယူဆည်းပူးရန် အရေးကြီးသောအရာများမှ အတားအစီးဖြစ်သော ပြောဆိုမှုပိုင်းဆိုင်ရာ သို့မဟုတ် လုပ်ရပ်နှင့်ကျင့်စဉ်ကျင့်ရပ် (သို့) ယုံကြည်ချက်နှင့် အသိပညာပိုင်းဆိုင်ရာ အခြေအနေများ၊ ထိုနည်းတူသော ဥစ္စာပစ္စည်းများ အားလုံးသည် ဟရာမ်ဖြစ်သော၊ ရှုတ်ချအပ်သော ဒွန်ယာတွင် အကျုံးဝင်ပါသည်။ ၎င်းတို့သည် ရှုတ်ချအပ်သောအရာများ ဖြစ်ကြောင်း မည်သူတစ်ဦးတစ်ယောက်မျှ သံသယမဖြစ်နိုင်ပေ။ ဒွန်ယာ၏ ပြဿနာများ၊ အကွဲအပြဲများ၊ အဖန်ဆင်းခံများနှင့် တည်ရှိနေသောအရာဝတ္ထုများနှင့် ဆက်နွယ်နေခြင်းကို ဒွန်ယာ၏အချစ် ဟု ခေါ်သည်။ သို့သော် သေပြီးနောက် အကျိုးအမြတ်ရရှိမည့် အလ္လာဟ်အရှင်အားသိရှိမှုနှင့် ကောင်းသောလုပ်ငန်းများသည် ဒွန်ယာတွင် ဖြစ်ပေါ်လေ့ရှိသော်လည်း တကယ်တမ်း ၎င်းသည် ဒွန်ယာထဲတွင် မပါဝင်ပါ။ ၎င်းတို့၏အချစ်မှာ ဒွန်ယာ၏အချစ် မဟုတ်ဘဲ အာခိရသ်၏အချစ် ဖြစ်သည်။ (شریعت اور طریقت از حضرت تھانوی : ص 206) ဂုနာဟ်အကုသိုလ်အပေါင်း၏ အခြေခံအုတ်မြစ်: -------------------------------------------- 

ဟကီမုလ်အွမ္မသ် ဟဇ်ရသ်မော်လာနာ အရှ်ရဖ်အလီထာနဝီ(رحمہ اللہ) အမိန့်ရှိသည်: ယေဘုယျအားဖြင့် ကျွန်ုပ်တို့တွင် ရောဂါအမျိုးမျိုး တွေ့ရှိရတတ်သည်၊ သို့သော် ကုရ်အာန်နှင့်ဟဒီးဆ်မှ ရှင်းလင်းစွာ သိရှိရသည်မှာ ရောဂါအပေါင်း၏အရင်းအမြစ်မှာ ဒွန်ယာ၏အချစ် တစ်ခုတည်းသာ ဖြစ်သည်။ ဒွန်အာ၏အချစ် ရှိသောသူသည် အာခိရသ်ကို လုံးဝ အရေးပေးမည်မဟုတ်။ အာခိရသ်ကို အရေးမပေးပါက ထိုသူသည် ကောင်းမှုများအား ဆောင်ရွက်မည် မဟုတ်သလို မကောင်းမှုများမှ ရှောင်ကြဉ်မည်လည်း မဟုတ်ပါ။ ထိုနည်းအတိုင်းပင် ၎င်း၏ပြောင်းပြန်။ အာခိရသ်၏သောက ရှိပါက ဂုနာဟ်အကုသိုလ်များ မကျူးလွန်မိတော့ပေ။ အကြောင်းမှာ ဒွန်ယာ၏အချစ်ကြောင့် သာသနာရေးသောက လျော့နည်းသွားသည်။ ဒွန်ယာ၏အချစ် ရှိသလောက်အဆင့်ပင် သာသနာရေးသောက လျော့နည်းမည်။ အကယ်၍ ဒွန်ယာ၏အချစ် ပြီးပြည့်စုံစွာ ရှိနေမည်ဆိုလျင် သာသနာရေးသောကမဲ့မှုမှာ ပြီးပြည့်စုံစွာ ရှိလိမ့်မည်။ (شریعت اور طریقت از حضرت تھانوی : ص 207) ဒွန်ယာ၏ ဥစ္စာပစ္စည်းများ : ------------------------- 

ကျမ်းမြတ်ကုရ်အာန်သည် တစ်နေရာတွင် ဒွန်ယာ၏ ဥစ္စာပစ္စည်းများနှင့် ပတ်သက်၍ တိုတောင်းသော်လည်း ပြီးပြည့်စုံသော ရှင်းလင်းချက်ကို ဤသို့မိန့်ဆိုထားသည်: زُيِّنَ لِلنَّاسِ حُبُّ الشَّهَوَاتِ مِنَ النِّسَاءِ وَالْبَنِيْنَ وَالْقَنَاطِيْرِ الْمُقَنْطَرَةِ مِنَ الذَّهَبِ وَ الْفِضَّةِ وَ الْخَيْلِ الْمُسَوَّمَةِ وَ الْأَنْعَامِ وَ الْحَرْثِ ذٰلِكَ مَتاعُ الْحَيَاةِ الدُّنْيَا وَ اللٰهُ عِنْدَهُ حُسْنُ الْمَآبِ۔ سورۃ آل عمران ، آیت نمبر 14 အဓိပ္ပါယ်: လူတို့အတွက် ၎င်းတို့၏အလိုရမက်နှင့် ကိုက်ညီသောအရာများ၏ အချစ်ကို လှပအောင်ချယ်သခြင်းခံထားရသည်။ ဆိုလိုသည်မှာ အမျိုးသမီးများ၊ သားသမီးများ၊ ရွေငွေအစုအပုံများ၊ တံဆိပ်ကပ်ထားသောမြင်းကောင်းများ၊ ခြေလေးချောင်းတိရစ္ဆာန်များနှင့် လယ်ယာများ။ ဤအရာအားလုံးသည် လောကီဘဝ၏ ဥစ္စာပစ္စည်းများ ဖြစ်သည်။ တကယ်တမ်း ထာဝရရလဒ်၏ (စစ်မှန်သော)လှပမှုမှာ အလ္လာဟ့်ထံပါးတွင် ရှိသည်။ (၎င်းသည် သေပြီးနောက်တွင် အကျိုးဖြစ်စေမည်။) ဟဇ်ရသ်ထာနဝီ(رحمۃ اللہ علیہ)၏ အတွေးအမြင်: အထက်ပါအာယသ်နှင့် ပတ်သက်၍ ဟကီမုလ်အွမ္မသ် မုဂျဒ္ဒိဒုလ်မိလ္လသ် ဟဇ်ရသ်အတ်က်ဒတ်စ် မော်လာနာ အရှ်ရဖ်အလီထာနဝီ(رحمہ اللہ) အမိန့်ရှိသည်: ဤအရာများ၏အချစ်သည် လှပတင့်တယ်သည်ဟု ထင်မြင်ရကြောင်း မိန့်ဆိုထားခြင်း၏ အနှစ်ချုပ်မှာ ကျွန်ုပ်၏အတွေးအမြင်အရ ဤသို့ဖြစ်သည်: အချစ်နှင့် စိတ်ပါမှုသည် များသောအားဖြင့် ဖိသ်နဟ်၏အကြောင်းခံ ဖြစ်သွားတတ်သောကြောင့် ကြောက်ရမည့်အရာ ဖြစ်သည်။ သို့သော်လည်း လူအများစုသည် ၎င်းအား ဆုံးရှုံးစေမည့်အရာဟု မထင်မှတ်ဘဲ ၎င်းစိတ်ပါမှုကို အကြွင်းမဲ့ ကောင်းသောအရာဟု ထင်မြင်ကြသည်။ လူတို့၏ စိတ်နေစိတ်ထားများမှာ အမျိုးမျိုးရှိသောကြောင့် အမျိုးမျိုးသောအရာများကို တင်ပြထားသည်။ တချို့က အမျိုးသမီးများကို ပို၍ချစ်ခင်ကြပြီး တချို့က သားသမီးများကို၊ တချို့က ရွှေငွေကို၊ တချို့က မြင်းများကို၊ တချို့က နွားများနှင့် လယ်ယာများကို (ပို၍ ချစ်ခင်စွဲမက်ကြသည်။) တချို့က အမျိုးသမီးများကို အဘယ်မျှ ချစ်ခင်စွဲမက်ကြသည်ဆိုရသော် နေ့၊ည ၎င်းတွင်ပင် မွေ့လျှော်နေသည်၊ အချိန်တိုင်းတွင် ဤအတွေးသာ ရှိသည်။ တချို့က သားသမီးများကို အဘယ်မျှ လိုလားတောင့်တကြသည် ဆိုသော် သားရရှိရန်၊ မြေးရရှိရန်၊ မြစ်ရရှိရန်သာ နေ့၊ည ရူးသွပ်နေကြသည်။ တချို့ခေါင်းဆောင်များက နွားများနှင့် မြင်းများကို အဘယ်မျှ ချစ်ခင်ကြသည် ဆိုရသော် တိုင်းပြည်ကိုပါ ဖျက်စီးပစ်လိုက်ကြသည်။ အကြောင်းမှာ အချစ်လွန်ကဲမှုတွင် ရူးသွပ်မှုရှိသည်။ (شریعت اور طریقت از حضرت تھانوی : ص 210) စုန်းမအိုကြီး : ------------- 

ဟကီမုလ်အွမ္မသ် ဟဇ်ရသ်မော်လာနာ အရှ်ရဖ်အလီထာနဝီ(رحمہ اللہ) အမိန့်ရှိသည်: ဒွန်ယာ၏ပုံရိပ်အမှန်ကို မသိရှိကြသောကြောင့် လူများသည် ၎င်းအပေါ် အသက်ပေးနေကြသည်။ အကယ်၍ ၎င်း၏ပုံရိပ်အမှန်ကို သိရှိသွားလျင် အလွန်တရာ မုန်တီးသွားမည်။ ပမာအားဖြင့် စုန်းမအိုကြီးတစ်ယောက်ကို အနီရောင်ပိုးထည်အင်္ကျီ ဝတ်ဆင်ပေးပြီး မျက်နှာကို ဖုံးအုပ်ပေးထားလိုက်လျင် တစ်ဦးတစ်ယောက်က ၎င်းအား ချောမေ

Thursday, January 9, 2020

ကျမ်းတော်မြတ်ကုရ်အာန် စူရဟ် ဗက်ရာဟ် အာယသ်နာပါတ် ( 186 ) တွင် Allah သျှင် မိန်တော်မူထားပါတယ် || Myanmar Bayan || Ummaty Ummaty

ကျမ်းတော်မြတ်ကုရ်အာန်စူရဟ် ဗက်ရာဟ် အာယသ်နာပါတ် ( 186 )တွင် Allah သျှင် မိန်တော်မူထားပါတယ်


အိုးး … တမန်တော် တကယ်လို့
ငါ့အသျှင်ရဲ့ ဗန္ဓာကျေးကျွန်းများက
ငါ့အသျှင်နဲ့ ပတ်သတ်ပြီး အသင့်ကိုမေးခဲ့ရင်
သူတို့တွေကိုပြောပြလိုက်ပါ

ငါအသျှင် အနီးဆုံးမှာရှိနေပါတယ်
ဟစ်အော်မြည်းတမ်း တောင်ခံံကြသူများရဲ့
တောင်ခံမှု့တွေကို ( ငါသျှင်ကြားတော်မူပေသည် )
ငါ့အသျှင်ထိုသူများရဲ့တောင်းခံမှု့တွေကို
လက်ခံအတည်ပြုတော်မူမည် …
ထိုသူများအနေနဲ့ ငါအသျှင်ရဲ့အမိန့်ကို
နာခံရမည် ငါအသျှင်အပေါ်သို့ အီမာန်
သက်ဝင်ယုံကြည်ရမည် သို့မှာသာ ကောင်းမွန်
မှန်ကောင်သော လမ်းကြောင့်ပေါ်သို့ရောက်ရှိပေအံ …

စူရဟ် မုအ်မင်န် အာယသ်နာပါတ် ( 60 ) တွင်
Allah သျှင် အမိန့်ရိတော်မူပါတယ် …
အသင်တို့ကို မွေးမြုးဖန်ဆင်တော်မူသော
အသျှင်က အသင်တို့ကို မိန့်ဆိုတော်မူသည်မှာ
ငါအသျှင်ထံတော်ပါးမှ တောင်းခံမှု့ပြုလုပ်ကြလေကုန် !
ငါအသျှင်လက်ခံတော်မူပေမည် …

ဝေ ယံ ဖြိုး ( အဖျောက် )
   8 . 1 . 2019

အဆင့်အတန်းရှိသော တုန့်ပြန်မှူ || Myanmar Bayan || Ummaty Ummaty

📚အဆင့်အတန်းရှိသော တုန့်ပြန်မှူ"


လူတစ်ယောက်က မင်းကို ဆဲတယ်
မင်းက ပြန်ဆဲနေရမှာမဟုတ်
မင်းအဆင့်အတန်းဘယ်လောက်မြင့်
ကြောင်းကိုယဉ်ကျေးစွာ ပြသလိုက်ပါ။

မင်းကို စိန်ခေါ်နေတဲ့လူတစ်ယောက်ကို
သူ့လို လူမိုက် လူရမ်းကားမဟုတ်ဘူးဆိုတာ
အများသိအောင် သည်းခံပြလိုက်ပါ
မင်းမရူံးပါဘူး သူအရှက်ကွဲသွားတာပါ။

မင်းကို မယှဉ်နိူင်လို့ ကွယ်ရာမှာ
အတင်းပြောနေသူကိုမင်းအနေနဲ့
လိုက်ဖြေရှင်းပြစရာမလိုဘူးလေခုထက်ပိုပြီး
မင်းဘဝတိုးတက်အောင်ကျြုိးစားပြလိုက်ပါ
ပြောနေတဲ့ ပါးစပ်တွေ ပိတ်သွားပါလိမ့်မယ်။

မင်းမေတ္တာကို စော်ကားပီး နောက်တစ်ယောက်ပြောင်းချစ်သူသွားကို မုန်းတီးနေရမှာမဟုတ်ဘူးလေ
ခြံခုန်တတ်တဲ့သူနဲ့ စောစောစီးစီး လမ်းခွဲခဲ့ရလို့မင်းပျော်နေပီး ကံကောင်းသွားကြောင်းကို ပြသလိုက်ပါ။

မင်းအတိတ်က အမှားတွေကို
နိူင်ကွက်လုပ်ပီး အနိူင်ယူနေသူကို ငြိမ်ခံနေရမှာမဟုတ်ဘူးလေ
အများအမြင်မှာ မင်းမှားခဲ့တဲ့အမှားတွေ
တကယ်ရော မှားခဲ့တာဟုတ်လို့လားလို့ သံသယဖြစ်သွားအောင်
မင်း ယခုလက်ရှိအချိန်ကို အကောင်းဆုံးနေထိုင်ပြသပါ။

မင်းအတင်းပြောနေသူ ၊ မင်းကို နိုင့်ထက်စီးနင်းအနိူင်ယူနေသူ
အကြောင်းအမျိုးမျိုးကြောင့် မင်း ခေါင်းငုံ့ခံနေသူရတွေဆီက
မင်း သင်ခန်းစာ ယူပီး အမြတ်ထုတ်တတ်ရင်မခံချင်စိတ်ကြောင့် မင်းဘဝအများကြီး ပြောင်းလဲတိုးတက်သွားနိူင်တယ်။

တစ်ဖက်က အောက်တန်းကျကျတိုက်ခိုက်လေကိုယ်က အထက်တန်းကျကျနေထိုင်ပြသမှတရားသော တုန့်ပြန်မှူ ၊ မှန်ကန်သော စိတ်ဓာတ်နှင့်အဆင့်အတန်းမြင့်သော အနိူင်ယူနိူင်ခြင်းဖြစ်လာမှာပါ။

လေးစားစွာဖြင့် 
ဇင်းနစ် မကွေး

မောင်လာနာအွမ္မရ် ပါလန်ပူရီ ရဟ်မသွလ္လာဟိအလိုင်းဟိ

မောင်လာနာအွမ္မရ် ပါလန်ပူရီ ရဟ်မသွလ္လာဟိအလိုင်းဟိ

မိန့်ကြားတော်မူလေသည်။ သက်တမ်း၌ မည်သည့်အာလင်မ်

ကိုမှ မကောင်းမပြောလေနှင့်။၎င်းနောက် အာလင်မ်

တစ်ယောက်ယောက်နဲ့ပတ်သတ်ပြီး ၎င်း၏အပြစ်အနာဆာ

ချို့ယွင်းချက်များကိုမထုတ်ဖော်လေနှင့်။အကယ်၍အသင်သည်

အာလင်မ်တစ်ပါးပါးအား မကောင်းပြောဆိုမည် ၎င်းနောက်

သူရဲ့ပညာကို သေးသိမ်သည်ဟုမှတ်ယူပါက အလ္လာဟ်အရှင်

မြတ်ထိုသူ၏သားစဉ်မြေးဆက်ဆယ်ဆက်ထိ အာလင်မ်ကို

ပေါက်ဖွားစေမှာမဟုတ်ဘူး။ အတ်စ်သဂ်ဖွေရွလ္လာဟ် အလ္လာဟ်

ကျွန်တော်တို့အားလုံးကို ထိန်းသိမ်းတော်မူပါစေ။

Myanmar Bayan || Hazrat Abdul Qadar Jeelani R.H || Ummaty Ummaty

မဲဟ်ဗူဗီစုဗ်ဟာနီ၊ ကုသိုရဗ္ဗာနီဖြစ်သောဟဇ်ရသ်ရှိုင်းခ်
အဗ်ဒုလ်ကာဒရ်ဂျီလာနီ (ရဟေ့)က မိမိပြုစုသော
“ဖသ်ဟုလ်ဂိုင်းဗ်” ကျမ်း၌ ရေးသားဖော်ပြထားသည်မှာ- ဟဒီးဆ်တော်၌ ဖော်ပြထားသည့်အတိုင်း တမန်တော်မြတ်ကြီးသည် အမှန်တစ်ကယ်ပင်အိစ်သိဂ်ဖာရ်မြားမြောင်စွာပြုတော်မူလေ့ရှိသည်။ အကြောင်းရင်းမှာအိစ်သိဂ်ဖာရ်သည်သဇ်ကိယဟ်အိရူးဟ်
(ဝိညာဉ်အားဂုနဟ်ကင်း၊ သန့်ရှင်းအောင်ကျင့်ကြံအားထုတ်ခြင်း)နှင့်  “လာအိကလဗ်” (နှလုံးသားအား ရှင်သန်နေအောင် ကျင့်ကြံ အားထုတ်ခြင်း) တို့အတွက် အကြောင်းခံဖြစ်သည်။

ထို့အပြင် မုအ်မင်န်တိုင်းအတွက် ကောင်းကျိုးဖြစ်ထွန်းစေသည်။ သောင်ဝ်ဗဟ်နှင့် အိစ်သိဂ်ဖာရ်တို့သည် အခြေအနေတိုင်း၌ ဗန္ဒာဟ်တို့တွင် ရှိသင့်ရှိထိုက်သော ရွိဖာသ်ဂုဏ်ဒြပ်နှစ်ရပ်ဖြစ်သည်။ ဤ(ဂုဏ်ဒြပ်) အရည်အသွေး နှစ်ရပ်စလုံးသည် ဟဇ်ရသ်အာဒမ် ထံတော်မှလက်ဆင့်ကမ်းရောက်ရှိလာသော အမွေပစ္စည်းဖြစ်သည်။

လူ့စိတ်က ခန့်မှန်းရခက်တယ် မမှီလို့မရတဲ့ အသီးကို ချဉ်လို့ မစားတာပါလို့ ပြောချင်ကြတယ်

လူ့စိတ်က ခန့်မှန်းရခက်တယ်
မမှီလို့မရတဲ့ အသီးကို ချဉ်လို့
မစားတာပါလို့ ပြောချင်ကြတယ် 


သတိထား ပြုပြင်သင့်သော
စိတ်ရဲ့သဘောတရားများ

1 ကြီးလေ ချဉ်လေ သံပြာသီးလိုလူ

2 ကို့အတွက်ဘဲကို့ကြည့်တဲ့ လိပ်လိုလူ

3 အဆူးတွေအပြည့်နဲ့ မာနကြီး
   မာန်တတ်နေတဲ့ နှင်းဆီလိုလူ

4 ကို့အသိုင်းအဝိုင်းကိုဘဲ
   အဖက်လုပ်တဲ့ကျီးကန်လိုလူ

5 အကြောင်းအရာတစ်ခုဆို
  ဝိုင်းအုံးပြောတတ်တဲ့ ခွေးလိုလူ

6 တွေတာမြင်တာ အကုန်စား
  ချင်စိတ်ရှိတဲ့ ဆိတ်လိုလူ

7 ကိုဗိုက်ဝဖို့အဓိက ဘယ်သူသေသေ
   ဆိုတဲ့ ကျားလိုလူ

8 လူများဒုခရောက်ဖို့သာ အဓိကဆိုတဲ့
   မြွေလိုလူ

9 လူရှေ့သူရှေ့သူတော်စင်ကြီးလိုလိုနဲ့
   ကြောင်လိုလူ

10 ကောက်ကျစ်တဲ့စိတ်များတဲ့
    မြေခွေးလိုလူ

11 အကူးအပြောင်းများလွန်းတဲ့
    မြောက်လိုလူ

12 ဘယ်လိုလိုကြည့်ကြည့်အမြဲ
    ရွှံစရာကောင်းတဲ့ ဝက်လိုလူ

  သင်နှင့်သင့်မိသားစု အနာဂတ်လှပဖို့ 
  ရှောင်းရှားသင့်သော် စိတ်အမိူးအစားများပါ
   သတိထားပြီး ရှောင်ကျကြပါ

  ဝေ ယံ ဖြိုး ( အဖျောက် )

ကန့်ဘလူမြို့နယ် မြေထူး သမိုင်းဝင်နှစ်ပေါင်း ၂၆၀ ရှိ မင်္ဂလာဗလီကြီးပါ။

ကန့်ဘလူမြို့နယ် မြေထူး သမိုင်းဝင်နှစ်ပေါင်း ၂၆၀ ရှိမင်္ဂလာဗလီကြီးပါ။







ဟဇရသ်ဖာသွေမာဟ် အရှင့်ဆီပြန်ချိန် || Myanmar Bayan || Ummaty Ummaty

ဟဇရသ်ဖာသွေမာဟ် အရှင့်ဆီပြန်ချိန်


ဟဇရသ်ဖွာသွေမာဟ် ရသွေ့သခင်မကြီး
ကွယ်လွန်ခါနီးအချိန်မှာ ဟဇရသ်အလီကို
ခေါ်လိုက်တယ်။

ရှင်ခဏ ထိုင်ပါအုန်း။ ညတုန်းကကျွန်မ အဖေ့က်ို
အိမ်မက် မက်တယ်။  ကျွန်မဒီနေ့ အလ္လာဟ်ထံ
ပြန်ရတော့မယ်။

ရှင့်ကိုကျွန်မ မာဖီတောင်းပါတယ်။ ရှင်နဲ့ကျွန်မအတူ
ပေါင်းသင်းခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ကျွန်မဘက်က
တာဝန်မကျေတာတွေရှိခဲ့ပါတယ်။ ကျွန်မကို မားဖ်
လုပ်ပါဆိုပြီး ပြောတော့ ဟဇရသ်အလီကလည်း
ဖွာသွေမာမင်းက နဗီရဲ့သမီးပါ။ မင်းရဲ့ ဟက်က
ပိုပီးကြီးပါတယ်။

ငါမင်းရဲ့ ဟက်ကိုမကျေပွန်ခဲ့ဘူး။ ငါလည်းမင်းကို
တောင်းပန်ပါတယ်ဆိုပီး လင်းမယားနှစ်ယောက်
တစ်ယောက်နဲ့တစ်ယောက် တောင်းပန်ပြီး မျတ်ရည်
တွေကျတယ်။ အဲဒီနောက် ဟဇရသ်ဖွာသွေမာဟ်
အမိန့်ရှိတယ်။

ကျွန်မကွယ်လွန်သွားပီးတဲ့နောက် ရှင်အိမ်ထောင်
မပြုပဲမနေနဲ့နော်။ သို့သော် ကျွန်မတစ်ခုတော့
ပြောပါရစေ။ ကျွန်မ သားလေးနှစ်ယောက်ဖြစ်တဲ့
ဟာစန်နဲ့ဟူစိုင်န်ကိုတော့ ပြစ်မထားလိုက်ပါနဲ့နော်။ ကလေးတွေကို ဂရုစိုက်ပါဆိုပီး ဒုတိယ ဝဆွီရသ်
လုပ်ခဲ့တယ်။

တတိယတစ်ခုထက်မှာတယ်။ ကျွန်မကို နေ့အချိန်မှာ
ဒဖန်မလုပ်ပါနဲ့နော်။ ညအချိန်မှာပဲ ဒဖန်လုပ်ပေးပါ။
ကျွန်မ အပျို စဖြစ်တဲ့အချိန်ထဲက အခုအချိန်ထိ
ဘယ်သူစိမ်းယောကျာ်းလေးမှ ကျွန်မခန္ဓာကိုယ်ကို
မမြင်ဖူးဘူး။

အကယ်လို့နေ့အချိန်မှာ ဒဖန်လုပ်မယ်ဆိုရင် လူတွေ
ကျွန်မ ဂျနာဇာကိုထမ်းပြီး ဖွာသွေမာဟ်က ဝတယ်
ပိန်တယ်  ဂျနာဇာကိုမြင်ပီး အရပ်ရှည်တယ် အရပ်
ပုတယ်လို့ ဝေဖန်ကြလိမ့်မယ်။ ဒါကိုကျွန်မမလိုချင်ဘူး။

အဲဒီလိုပြောပီးခဏကြာတော့ ကိစ္စတခုနဲ့ ဟဇရသ်
အလီက အပြင်ခဏသွားလိုက်တယ်။ ဟဇရသ်
ဖွာသွေမာဟ်က အိမ်မှာရှိတဲ့ ကျွန်မလေးကို ရေးချိုး
ပေးခိုင်းတယ်။ အဝတ်စားလဲပေးခိုင်းတယ်။

ကျွန်မလေးက်ို မှာတယ်။ ငါ့ယောကျာ်း အလီလာရင်
စလာမ်ဆိုတယ်လို့ပြော ငါအလ္လာဟ်ထံ ပြန်သွားပြီး
လို့ပြောလိုက်ပါ။  ဟဇရသ်ဖွာသွေမဟ် လှဲလျောင်း
လိုက်တယ်။ ကလေမဟ်ဆိုပီး ကိဗ်လာဘက်ကို
လှည့်ပြီး ဟဇရသ်ဖွာသွေမာဟ် အလ္လာဟ်အမိန့်
ခံခဲ့တယ်။

ခဏကြာတော့ ဟဇရသ်အလီ ရောက်လာတယ်။ ဒီမှာ ဟဇရသ်ဖွာသွေမာဟ် အလ္လာဟ်အမိန့်ခံသွားပြီး
ညအချိန်ရောက်တော့ ဟဇရသ်အလီရယ် သားတော်
ဟာစံနဲ့ဟူစိုန်းရယ် သားဖ သုံးယောက် ဟဇရသ်
ဖွာသွေမာဟ်ရဲ့ ဂျနာဇာကိုထမ်းပီးသွားနေရင်း လမ်းမှာ
ဟဇရသ် အဗူဇရ် ဂီဖွာရီနဲ့ တွေ့တယ်။ ၎င်းက စတုတ္တ
နေရာကို ဝင်ထမ်းခဲ့တယ်။

ကဗရ်ကိုရောက်တော့ ဒဖန်လုပ်နရင်း  ဟဇရသ်
အဗူဇရ် မြေကြီးကိုအမိန့်ရှိတယ်။အိုကဗရ် အသင့်ရဲ့
ဗိုက်ထဲကို ထည့်နေတဲ့ ဒီအမျိုးသမီးက ဘယ်သူလဲ
ဆိုတာ အသင်သိတယ်မဟုတ်လား..?

ဒီမိန်းကလေးက မိုဟမ္မဒွရ်ရစူလွလ္လာ(ဆွ)ရဲ့
သမီးဖြစ်တယ်။ ဂျန္နသ်ထဲမှာခေါင်းဆောင်ဖြစ်တယ်။
ဟာစံနဲ့ဟူစိုင်န်ရဲ့မိခင်ဖြစ်တယ်။ ဟဇရသ်အလီရဲ့
ဇနီးဖြစ်တယ်။ အသင်သူနဲ့ ကောင်းမွန်စွာဆက်ဆံနော်။

၎င်းနောက်အကွယ်က အသံတခုကြားလာတယ်။
ကဗရ်ကအမိန့်ရှိတယ်။
အို  အဗူဇရ် ...!  ငါ့ဝမ်းဗိုက်ထဲ ရောက်လာတဲ့သူက
ဘယ်သူ့သမီးလဲ...? ဘယ်သူ့ဇနီးလဲ...?
ငါကြည့်မှာမဟုတ်ဘူး။ ငါကတော့ သူ့ရဲ့အအ်မာလ်
ကိုပဲကြည့်မှာ။  သူဒွန္နယာမှာ ကောင်းတဲ့အအ်မာလ်
တွေလုပ်ခဲ့ရင် ငါကောင်းမွန်စွာဆက်ဆံမှာ။
မကောင်းတဲ့ အအ်မလ်တွေလုပ်ခဲ့ရင်တော့
နဗီရဲ့ သမီးပဲဖြစ်ဖြစ် ဘုရင်ရဲ့ သမီးပဲဖြစ်ဖြစ်
သူနဲ့ထိုက်တန်သလို ငါဆက်ဆံမှာ။😥

ကောင်းမွန်တဲ့အအ်မာလ်တွေ လုပ်နိုင်စွမ်း
အလ္လာဟ်အရှင်ချီြးှမင့်တော်မူပါစေ။ အာမီးန်


About Jumah || Jumah Ne Ye Amal || Myanmar Bayan || Ummaty Ummaty